Skip to Content

Foundation Product Terminology

Computer Components

Term

အပြည့်အစုံ

အဓိပ္ပါယ် / အသုံး

CPU

Central Processing Unit

Control other parts of computers

RAM

Random Access Memory

Temporary Storage

Motherboard

Main Board

Connect other devices

Storage

HDD (Hard Disk Drive) or SSD (Solid State Drive)

Permanent Storage

GPU

Graphic Card

(Optional)

Optical Storage

DVD R/W

(Optional)

Power Supply



Casing

Computer Case


Monitor



Keyboard



Mouse



Speaker



UPS

Uninterrupted Power Supply



1. Data / Storage / Memory Units


Term

အပြည့်အစုံ

အဓိပ္ပါယ် / အသုံး

bit (b)

Binary Digit

Computer data ရဲ့ အသေးဆုံး unit

Byte (B)

8 bits

File/Data size အခြေခံ unit

KB

Kilobyte

=1,024 Bytes

MB

Megabyte

=1024 KB (အသုံး - File size, RAM စသည်)

GB

Gigabyte

=1024 MB (အသုံး - RAM, SSD, USB, Storage)

TB

Terabyte

=1024 GB (အသုံး - HDD/SSD capacity ကြီးများ)




Mbps

Megabits per second

Internet / Network speed

MB/s

Megabytes per second

File transfer / storage speed

Gbps

Gigabits per second

LAN, USB, high-speed network


2. Frequency / Speed Units

Monitor တွေမှာသုံးတဲ့ Hz
  • measure the refresh rate
  • the exact number of times the screen updates or redraws its image every second (တစက္ကန့်မှာ ပုံရိပ်ကို ဘယ်နှစ်ကြိမ် redraw ပြန်လုပ်ပေးလဲ)

ဥပမာ—

Monitor 144Hz ဆိုတာ screen ကို တစ်စက္ကန့်မှာ 144 ကြိမ် refresh လုပ်နိုင်တာပါ။


CPU တွေမှာ သုံးတဲ့ Hz
  • measure the clock speed
  • the number of clock cycle per second 
  • One cycle 
    • Fetch (Instruction ကို ဖတ်)
    • Decode (ဖတ်လိုက်တဲ့ Instruction ကို Decode လုပ်)
    • Execute (Decode လုပ်ပြီးတဲ့ Instruction ကို အလုပ်လုပ်)

ဥပမာ - 

CPU 4.5GHz ဆိုတာ တစ်စက္ကန့်မှာ 4.5 billion cycle အလုပ်လုပ်နိုင်တာပါ။ (Cycle = Fetch, Decode, Execute)


3. Processor / CPU Terminology


Term

အဓိပ္ပါယ်

CPU

Central Processing Unit

Core

CPU ထဲက processing unit

Thread

CPU က တစ်ပြိုင်နက်လုပ်ဆောင်နိုင်တဲ့ instruction stream

Clock Speed

CPU လည်ပတ်နှုန်း၊ GHz ဖြင့်တိုင်း

Base Clock

Normal operating speed

Boost / Turbo Clock

အလိုအလျောက်တက်နိုင်တဲ့အမြင့်ဆုံး speed

Cache

CPU အနီးက မြန်ဆန်တဲ့ temporary memory

L1 / L2 / L3 Cache

Cache memory levels

Generation

CPU မျိုးဆက်

TDP

Thermal Design Power

Integrated Graphics / iGPU

CPU ထဲပါပြီးသား GPU

Dedicated GPU / dGPU

သီးခြား graphics processor

မှတ်ချက်

CPU တွေရဲ့ Performance ကိုတိုင်းတဲ့အခါ GHz ပိုများတိုင်း CPU ပိုကောင်းသွားတာမဟုတ်ပါ။

Architecture, Core, Generation, Cache စတာတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။

4. RAM Terminology

Term

အဓိပ္ပါယ်

RAM

Random Access Memory

GB

Gigabyte (RAM capacity, ဘယ်လောက်သိမ်းနိုင်)

DDR4 / DDR5

RAM generation

MHz / MT/s

RAM speed ကိုဖော်ပြရာမှာသုံး (ဘယ်လောက်မြန်မြန်အလုပ်လုပ်)

SO-DIMM

Laptop/Notebook RAM

DIMM

Desktop RAM

Single Channel

Memory channel တစ်ခု

Dual Channel

Memory bandwidth ပိုကောင်း

Upgradeable RAM

နောက်ပိုင်း RAM ထပ်တိုးလို့ရ

Soldered RAM

Mainboard ပေါ်တပ်ထား၍ ပုံမှန်အားဖြင့် Capacity မတိုးနိုင်

ဥပမာ

16GB DDR5 5600

5. Storage Terminology


Term

အဓိပ္ပါယ်

HDD

Hard Disk Drive (Magnetic Disk)

SSD

Solid State Drive

SATA SSD

SATA interface သုံး SSD

NVMe SSD

PCIe interface သုံး မြန်တဲ့ SSD

M.2

SSD physical form factor တစ်မျိုး

PCIe

High-speed interface

Read Speed

Data ဖတ်နှုန်း

Write Speed

Data ရေးနှုန်း

RPM

HDD လည်နှုန်း (revolutions per minute)

5400 RPM / 7200 RPM

HDD speed

TBW

SSD endurance — Total Bytes Written

HDD = Magnetic Disk, RPM, Large Capacity, Slow R/W, still use in CCTV (they need slow RPM)

SSD = Solid State, No Mechanism (No RPM), Fast R/W, widely use in computer

6. Display / Monitor Terminology


Term

အဓိပ္ပါယ်

inch (”)

Screen diagonal size

Resolution

Screen pixel အရေအတွက်

HD

1280×720

FHD / Full HD

1920×1080

QHD / 2K

အများအားဖြင့် 2560×1440

UHD / 4K

3840×2160

Pixel

Display ရဲ့ အရောင်ပြ dot အသေးဆုံး unit

PPI

Pixels Per Inch

Refresh Rate

Hz ဖြင့်တိုင်း

Response Time

ms ဖြင့်တိုင်း

Brightness

nits ဖြင့်တိုင်း

Contrast Ratio

အဖြူဆုံးနဲ့ အမည်းဆုံး အချိုး

Aspect Ratio

Screen width : height

16:9

Common widescreen

21:9

Ultrawide

Panel Type

IPS, VA, TN, OLED

Viewing Angle

ဘေးကကြည့်တဲ့အခါ အရောင်မှန်မှု

HDR

High Dynamic Range


Screen Inches


Pixel

  • smallest part of the image
  • one dot


Resolution

  • how many pixels in the screen
  • example 
    • 1280 x 720 (or) 720p
    • a total of 921,600 pixels are packed into a video frame or digital display screen.

7. Colour Terminology

Term

အဓိပ္ပါယ်

RGB

Red, Green, Blue 

CMYK

Cyan, Magenta, Yellow, Key/Black 

RGB → Monitor, TV, Phone, Camera စတဲ့ digital display တွေမှာ အဓိကသုံးပါတယ်။

CMYK → Printer/Printing ဘက်မှာ အဓိကသုံးပါတယ်။

Printer မှာ 6 ရောင်ဆိုရင် ပိုလာတာက LC (Light Cyan) နဲ့ LM (Light Magenta) ဖြစ်ပါတယ်။


8. Printer Terminology

Term

အဓိပ္ပါယ်

DPI

Dots Per Inch

PPM

Pages Per Minute

IPM

Images Per Minute

Inkjet

Ink သုံး printer

Laser

Toner သုံး printer

Ink Tank

Refillable ink tank

Cartridge

Ink/Toner cartridge

Mono

Black & White

Colour

Colour printing

Duplex

နှစ်ဖက်အလိုအလျောက် print

ADF

Automatic Document Feeder

Flatbed Scanner

စာရွက်တစ်ရွက်ချင်း scan

Print Resolution

DPI နဲ့ဖော်ပြ

Duty Cycle

တစ်လအတွင်းခံနိုင်မယ့် print volume

Yield

Ink/Toner တစ်ခုနဲ့ print ထုတ်နိုင်တဲ့ စာမျက်နှာခန့်မှန်းချက်

ဥပမာ—

600 × 600 DPI

30 ppm

Automatic Duplex

35-sheet ADF

9. Networking / Wi-Fi Terminology

Term

အဓိပ္ပါယ်

LAN

Local Area Network

WAN

Wide Area Network

Ethernet

Wired networking

Mbps / Gbps

Network speed

10/100 Mbps

Fast Ethernet

10/100/1000 Mbps

Gigabit Ethernet

Wi-Fi 5

802.11ac

Wi-Fi 6

802.11ax

Wi-Fi 6E

Wi-Fi 6 + 6GHz

Wi-Fi 7

Newer high-speed standard

2.4GHz

Range ပိုကောင်း

5GHz

Speed ပိုကောင်း၊ range ပိုတို

6GHz

Newer clean/high-speed band

SSID

Wi-Fi network name

Router

Network traffic ကို route လုပ်တဲ့ device

Access Point (AP)

Wi-Fi access ပေး

Repeater / Extender

Wi-Fi coverage တိုး

Mesh Wi-Fi

Node များဖြင့် seamless coverage

PoE

Power over Ethernet

2.4GHz Vs 5GHz


Router Vs Switch Vs Access Point

Router = Network တွေကို ဆက်ပေးတယ်

Switch = Device တွေကို ကြိုးနဲ့ ဆက်ပေးတယ်

Access Point = Device တွေကို Wi-Fi နဲ့ ဆက်ပေးတယ်


Device

အဓိကတာဝန်

အထင်ရှားဆုံး Feature

Router

Network တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေး

Internet ကို LAN ဆီ ဖြန့်ပေး၊ IP စီမံပေး

Switch

LAN ထဲက Device များကို Wired ချိတ်ဆက်ပေး

Ethernet Port အများကြီးရစေ

Access Point (AP)

LAN ကို Wireless ဖြစ်အောင် ဖြန့်ပေး

Wi-Fi Coverage ပေး/တိုးပေး

Router — “လမ်းညွှန်ပေးတဲ့သူ”

Router ရဲ့ အဓိကအလုပ်က Network နှစ်ခုကြား Data ဘယ်လမ်းကသွားရမလဲ ဆုံးဖြတ်ပေးတာပါ။

အိမ်/ဆိုင်တစ်ခုမှာတော့ အများအားဖြင့်—

Internet → Router → ကိုယ့် Local Network

Router မှာ အများအားဖြင့် WAN Port, LAN Ports, DHCP ပါပါတယ်။ DHCP က Laptop, Phone စတဲ့ Device တွေကို 192.168.1.10 လို IP Address အလိုအလျောက်ချပေးတာပါ။

ဥပမာ ISP ကပေးတဲ့ Internet ကို ဝန်ထမ်းတွေရဲ့ PC၊ POS၊ CCTV စတာတွေအတွက် အသုံးပြုနိုင်အောင် Router က Network တည်ဆောက်ပေးပါတယ်။

Router = Internet ဝင်လာတဲ့တံခါး + Network Traffic လမ်းညွှန်သူ

Switch — “Port တိုးပေးတဲ့သူ”

Switch က Network တစ်ခုတည်းအတွင်းမှာ Device အများကြီးကို Ethernet Cable နဲ့ ချိတ်ပေးတာပါ။

ဥပမာ Router မှာ LAN Port 4 ပေါက်ပဲရှိပေမယ့်—

  • PC 10 လုံး
  • Printer 2 လုံး
  • POS 3 လုံး
  • NVR 1 လုံး

ချိတ်ချင်တယ်ဆိုရင် Switch သုံးရပါမယ်။

ပုံစံက—

Router → Switch → PC / Printer / POS / NVR

Switch တွေမှာ အများအားဖြင့်—

5-Port, 8-Port, 16-Port, 24-Port, 48-Port

စသဖြင့်ရှိပါတယ်။

Speed အနေနဲ့—

10/100 Mbps Switch = Fast Ethernet

10/100/1000 Mbps Switch = Gigabit Switch

တွေ့ရတတ်ပါတယ်။

Switch = LAN Cable ချိတ်ဖို့ Port အများကြီးရအောင်လုပ်ပေးတဲ့သူ

အရေးကြီးတာတစ်ခုက Switch တစ်လုံးထပ်တပ်လိုက်တာ Internet Speed ကို ပိုမြန်အောင်လုပ်ပေးတာ မဟုတ်ပါဘူး။ Network Device ပိုများများ ချိတ်နိုင်ဖို့အတွက် အဓိကဖြစ်ပါတယ်။

Access Point — “Wi-Fi ဖြန့်ပေးတဲ့သူ”

Access Point (AP) က ရှိပြီးသား Wired LAN Network ကို Wi-Fi အဖြစ် Wireless Device တွေ ချိတ်နိုင်အောင်လုပ်ပေးတာပါ။

ပုံစံက—

Router → Switch → Access Point )))) Phone / Laptop / Tablet

ဥပမာ Treasure Net လို အဆောက်အဦထဲမှာ Router က Counter နားမှာရှိပြီး Classroom မှာ Wi-Fi signal အားနည်းနေတယ်ဆိုပါစို့။

Classroom နားအထိ LAN Cable သွယ်ပြီး Access Point တပ် လိုက်ရင် Classroom မှာ Wi-Fi coverage ကောင်းလာနိုင်ပါတယ်။

AP တွေမှာ ကြည့်ရမယ့် အဓိက Features က—

Wi-Fi Standard: Wi-Fi 5 / Wi-Fi 6 / Wi-Fi 7

Frequency: 2.4GHz / 5GHz / 6GHz

Speed: ဥပမာ AX1800, AX3000

Coverage: ဘယ်လောက်ကျယ်ကျယ် ဖုံးနိုင်သလဲ

Client Capacity: Device ဘယ်လောက်ကို ကိုင်နိုင်သလဲ

PoE: LAN Cable တစ်ချောင်းတည်းနဲ့ Data + Power ပေးနိုင်သလား

Access Point = LAN Network ကို Wi-Fi အဖြစ် ထုတ်လွှင့်ပေးတဲ့သူ


မှတ်ချက်

ဈေးကွက်ထဲမှာရောင်းနေတဲ့ Router တွေမှာ 

Router + Access point + switch 

ပါပြီးသားဖြစ်ပါတယ်။


Range Extender Vs Access Point

အဓိကအချက်

Range Extender

Access Point

Main purpose

ရှိပြီးသား Wi-Fi signal ကို ဖမ်းပြီး ထပ်ဖြန့်

LAN Cable ကနေ network ယူပြီး Wi-Fi ထုတ်

Connection to router

Wireless

Ethernet cable

Speed

များသောအားဖြင့် လျော့နိုင်

ပိုတည်ငြိမ်၊ ပိုမြန်

Stability

Signal quality ပေါ်မူတည်

Cable သုံးလို့ ပိုကောင်း

Best use

Cable မဆွဲနိုင်တဲ့နေရာ

Office, shop, school, large building

Installation

လွယ်

LAN cabling လို

Coverage quality

အလယ်အလတ်

ပိုကောင်း

Extender = Wi-Fi → Wi-Fi

Access Point = Cable → Wi-Fi


PoE and EoP

PoE (Power Over Ethernet)

  • LAN Cable ထဲကနေ Data + Power နှစ်ခုလုံးပို့တာ
  • လက်တွေ့မှာ အသုံးများ

EoP (Ethernet over Power)
  • မီးကြိုးလိုင်းကိုသုံးပြီး Network Data ပို့တာ

Modem

Telephone line / DSL / Cable line Signal ---> Data Connection


SIM Card Modem ဆိုတာဘာလဲ?

SIM Card Modem က Mobile Network ကို Internet အဖြစ်ယူသုံးတာပါ။

SIM Card → 4G/5G Mobile Network → Modem → Internet

ဒါကြောင့် Fiber line, ADSL line မရှိလည်း SIM Card ရှိပြီး Mobile Signal ရတဲ့နေရာမှာ Internet သုံးနိုင်ပါတယ်။

SIM Modem တွေမှာ အဓိကအားဖြင့် ဒီလိုအမျိုးအစားတွေရှိပါတယ်—

  • USB Modem / Dongle — Laptop/PC မှာ USB ထိုးပြီး သုံး
  • 4G/5G Modem with Ethernet — SIM ထည့်ပြီး LAN Cable နဲ့ Device တစ်လုံး သို့မဟုတ် Router ကိုချိတ်
  • 4G/5G Wi-Fi Router (Sim Router) — Modem + Router + Wi-Fi ကို Device တစ်လုံးထဲပေါင်းထားတာ