Skip to Content

Assistant Computer Instructor

Hpa-An, Myanmar

အဓိကတာဝန်များ


Treasure Net တွင်ဖွင့်လှစ်ထားသော Computer သင်တန်းများ၏ သင်ကြားရေးတွင် ကူညီခြင်း၊ Practical Exercises နှင့် Teaching Materials များ ပြင်ဆင်ခြင်း၊ ကျွမ်းကျင်လာသည်နှင့်အမျှ သင်တန်းများကို တဖြည်းဖြည်းတာဝန်ယူသင်ကြားခြင်း။

လိုအပ်ချက်များ


  • ဘွဲ့ရရှိပြီးသူများ ဦးစားပေးမည်။
  • Computer/IT ဆိုင်ရာ Degree, Diploma သို့မဟုတ် Certificate ရှိသူများ ပိုမိုသင့်တော်သည်။
  • ဘွဲ့မရရှိသေးပါကလည်း သက်ဆိုင်ရာ Computer ကျွမ်းကျင်မှုဆိုင်ရာ Certificate များရှိပြီး သင်ကြားရေးကို ဝါသနာပါသူဖြစ်ရမည်။
  • Computer Literacy နှင့် Microsoft Office အသုံးပြုမှုကောင်းမွန်ရမည်။
  • လူကြီးလူငယ်မရွေး စိတ်ရှည်စွာ ပြောဆို ဆက်ဆံသင်ကြားနိုင်ရမည်။
  • Teaching Experience မရှိသေးသူများလည်း လျှောက်ထားနိုင်သည်။

လစာနှင့်ခံစားခွင့်များ


မျှော်မှန်းလစဉ်ဝင်ငွေ — 350,000 Ks နှင့်အထက်

Basic Salary အပြင် ရက်မှန်ကြေး (Attendance Bonus) နှင့်  Performance / Student Bonus နှင့် Overtime များ ခံစားခွင့်ရှိပါသည်။

Starting Salary ကို ပညာအရည်အချင်း၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအလိုက် သတ်မှတ်ပြီး Bonus များသည် Performance နှင့် လုပ်ငန်းအခြေအနေအလိုက် လစဉ်ကွာခြားနိုင်ပါသည်။

🕐 အလုပ်ချိန်နှင့် ခွင့်ရက်

အလုပ်ချိန် - 9AM to 5PM

နားရက် - တစ်လလျှင် (၄) ရက် (တစ်ပါတ် တစ်ရက်)

အခြားခွင့်များ - 

ရှောင်တခင်ခွင့် (တနှစ်လျှင် ၆ ရက်)

လုပ်သက်ခွင့် (တစ်နှစ်လျှင် ၁၀ ရက်၊ လုပ်သက်တစ်နှစ်ပြည့်ပြီး ဝန်ထမ်းများအတွက်သာ)

🎓 အဝေးသင်တက္ကသိုလ်တက်ရောက်နေသူများလည်း လျှောက်ထားနိုင်ပါသည်။ 

ဆက်သွယ်လျှောက်ထားရန်


📍 လုပ်ငန်းနေရာ — Treasure Net Learning Center, အမှတ်(၄)ရပ်ကွက်၊ ညဈေးအနီး၊ ဘားအံမြို့။

📝 လျှောက်ထားရန်

အောက်တွင် ဖော်ပြထားသော Apply Now ကိုနှိပ်၍ ဖောင်ဖြည့်၍ လျှောက်ထားနိုင်ပါသည်။ 

📅 Application Deadline — 26 September 2026

Shortlisted Candidates များကို Interview အတွက် ပြန်လည် ဆက်သွယ်ပေးပါမည်။